Facebook Account ဖွင့်ကြမယ်
%%%%%%%%%%%%%%%%%%%%%
Post by ရဲမင်းထွန်း
သင် Facebook Account ဖွင့်ချင်ပါသလား၊၊သင်ကိုယ်တိုင် ဘယ်နှစ်ကြိမ်ဖွင့်ဖူးပါသလဲဗျ၊၊သူများအတွက်၊ကိုယ်ကိုယ်တိုင်သုံးဖို့အတွက်ဆိုပြီး Facebookကိုဖွင့်ဖူးကြမှာပါဗျ။ Facebook Accountကိုနည်းမျိုးစုံနဲ့ ဖွင့်ဖူးကြမှာပါဗျ၊၊ok။ကျွန်တော်ပြောတဲ့နည်းကလည်း သူငယ်ချင်းတွေနဲ့ တစ်ချို့ထပ်တူကြပါလိမ့်မယ်။
ခု ကျွန်တော်ကိုင်နေတာ Honnor 3Cပါ။အရင်က SAMSUNG GALAXY ACE S5830 Version 2.3.3 လေးကိုကိုင်တာပါဗျ၊၊
Honnor 3Cမှာfacebook လျှောက်စဉ်okပါတယ်။
Ace ဖုန်းမှာတော့ Gmail Account ကို Remove လုပ်ပါ။facebook Account လျှောက်ပြီးမှ Googleမှာ Signin ဝင်ပေးပါဗျ၊၊ဒါမှ အဆင်ပြေမှာပါ။ဒါ ကျွန်တော် ကြုံတွေ့ရတဲ့ ဖုန်းနှစ်လုံးကို ပြောတာပါဗျ။
ကျန်တာတော့ ကလိကြည့်ကြပါ။နည်းလမ်းရှာကြည့်ပါ။ဘယ်လိုလုပ်ရင် ရနိုင်မလဲလို့ ဆိုတာကို စဉ်းစားပါ။အကြံထုတ်ပါ။စမ်းသပ်ပါခင်ဗျ
Ok။Facebook Account လုပ်ရန် Google Account လျှောက်ပါမယ်ဗျ၊၊တစ်ချို့ဖုန်းတွေမှာ Setting ထဲမှာ Google မပါတတ်ပါဘူး၊၊ဒါပေမယ့် ဖုန်း Version အလိုက် GAPPSကို ထည့်သွင်းနိုင်ပါတယ်ဗျ။Google မရှိလဲ ကိစ္စမရှိပါဘူး။Mail.ru ဖွင့်နည်းကိုလည်း ပြောပြပါ့မယ်ဗျ။
၁။Google Account လျှောက်နည်း
၂။Mail.ru Account လျှောက်နည်း(Google မရှိသူများအတွက်)
ကဲ Google Account လျှောက်ပါ့မယ်ဗျ
#အဆင့်(1)
မိမိဖုန်းရဲ့ Setting ထဲသို့ဝင်ပေးပါ၊၊
#အဆင့်(2)
Add Account ထဲထပ်ဝင်ပါ။
#အဆင့်(3)
Google ထဲ ဝင်ရောက်ပါ။
#အဆင့်(4)
Google Accountအသစ်ပြုလုပ်မှာဖြစ်တဲ့အတွက် New ကိုနှိပ်ပေးပါ။အရင် Google Account ရှိပြီးသားဆိုရင် Existing ထဲကိုဝင်ပြီး Signin ပြုလုပ်နိုင်ပါတယ်။
#အဆင့်(5)
First Name နေရာမှာကိုယ့်နာမည် အစစာလုံး အင်္ဂလိပ်လိုရေးပါ။
Last Name နေရာမှာကိုယ့်နာမည်ကျန်တဲ့စာလုံး အင်္ဂလိပ်လိုရေးပါ။လက်ညာဘက်က မြှားခေါင်းနှိပ်ပေးပါ။
#အဆင့်(6)
Choose Username
မှာကိုယ်လိုချင်တဲ့နာမည်နဲ့ Google လျှောက်မှာပါ။
နာမည်ထည့်ပေးလိုက်ပါ။ပြီးလျှင် လက်ညာဘက်က မြှားခေါင်းနှိပ်ပေးပါ။
#အဆင့်(7)
သင့်ရဲ့ User Name ကိုစစ်ဆေးနေပါလိမ့်မယ်။ခဏစောင့်နေပါ။နာမည်တူမရှိရင် Password တောင်းတဲ့အဆင့်ရောက်ပါမယ်။နာမည်တူနေရင်သူပေးထားတာကို ဖြည့်လိုက်ပါ။
#အဆင့်(8)
သူပေးထားတဲ့ Suggested usernames သုံးခုထဲက စိတ်ကြိုက်ရွေးပြီးအောက်နားက Try Again ကိုနှိပ်ပေးပါ။
#အဆင့်(9)
Password ပေးရတော့မှာပါဗျ။ပထမ Box ထဲမှာစိတ်ကြိုက်ထည့်ပါ။၈လုံးအောက်မရှိရပါဘူး။လုံခြုံစေရန်အတွက်ပါဗျ။
ဒုတိယBox မှာ စောစောက ကိုယ်ထားတဲ့ Password ကို ပြန်ရိုက်ထည့်ပါ။လက်ညာဘက်က မြှားခေါင်း နှိပ်ပေးပါ။
#အဆင့်(10)
Recovery Information ကိုရောက်ပါပြီဗျ။
Choose a security question ကိုနှိပ်လိုက်ပါ။မေးခွန်းတွေ ထွက်လာမှာပါ။အဲဒီထဲက နှစ်သက်ရာတစ်ခုရွေးခြယ်ပြီးနှိပ်ပေးပါ။
Answer နေရာမှာသင့်တော်ရာအဖြေတစ်ခုခုထည့်ပေးပါ
Recovery emil adress နေရာမှာအခြား Mail တစ်ခုခု ထည့်ရင် ရပါတယ်။မထည့်လဲ ရပါတယ်ဗျ။ပြီးရင် ညာဘက်လက်အောက်က မြှားခေါင်းလေးကိုနှိပ်ပေးပါ။
#အဆင့်(11)
သူပေးထားတဲ့ Text တွေကို အောက်က Box မှာပြန်ရေးပေးရမှာပါ။အဲဒါအရေးကြီးပါတယ်ဗျ။သူပေးထားတဲ့ စာလုံးက အကြီးဆိုရင် ကိုယ်ကလည်း အကြီးရေးပေးရမှာပါ။သူပေးထားတာအငယ်ဆိုရင် ကိုယ်ကလည်း အငယ်ရေးပေးပါ။ရေးပြီးရင် ညာဘက်လက်အောက်က မြှားခေါင်းလေး နှိပ်ပေးပါ။
#အဆင့်(12)
Finish Account ဖြစ်ဖို့အတွက် ညာဘက်လက်အောက်က မြှားခေါင်းနှိပ်သွားပါခင်ဗျ။
#အဆင့်(13)
Succesful ဆိုပြီးတွေ့ပါလိမ့်မယ်။
ညာဘက်လက်အောက်က မြှားခေါင်းကိုနှိပ်ပြီး Google Account တစ်ခုရရှိပါပြီ။
ခဏအကြာမှာ Gmail ဝင်လာပါလိမ့်မယ်ဗျ။လိုင်းမကောင်းရင် စောင့်ရပါလိမ့်မယ်ဗျ။ထားလိုက်ပါ ။ဝင်လာပါလိမ့်မယ်။facebook account လျှောက်ဖို့ ပြင်ပါ။
Google မရှိသူတွေအတွက် Mail.ru Account လျှောက်နည်း
#အဆင့်(1)
Mail.ru Apk သို့ဝင်လိုက်ပါ။
#အဆင့်(2)
အောက်နားက Sign Up ဆိုတာကို နှိပ်ပေးပါ။
#အဆင့်(3)
နာမည်တွေထည့်ပါ။Gmail ကအတိုင်း ထည့်သွားပါ။first name,last nameပေါ့။
မွေးနေ့နေရာကို နှိပ်ပြီး မွေးရက်၊မွေးလ၊ခုနှစ်တွေကို ရွေးခြယ်ပါ။
Gender နေရာမှာ ယောက်ျားလား?မိန်းမလား?ရွေးပေးပါ။
New Email ရဲ့ အောက်က Box မှာ သင်လိုချင်သောအမည်ကိုရေးပါ။
Password နေရာမှာ ဂဏန်းနဲ့စာသားရောရေးပါ။
I agree to the Terms of Service ဘေးက Box နေရာမှာ အမှန်ခြစ်ပါ။
ပြီးရင် အောက်ဆုံးက Next ကိုနှိပ်လိုက်ပါ။
#အဆင့်(4)
ပုံမှာ ဖြည့်ပုံ ဖြည့်နည်းပြထားပါတယ်ဗျ။
#အဆင့်(5)
အပြာရောင် I don't have cell phone ဆိုတဲ့စာကြောင်းကိုနှိပ်လိုက်ပါ။
#အဆင့်(6)
Question နေရာမှာ ဘေးက box ကို နှိပ်လိုက်ပြီး မေးခွန်းတစ်ခု ရွေးပေးပါ။
Answer နေရာမှာ သင့်တော်ရာ တစ်ခုခုကို ဖြေပေးပါ။
သူပေးထားတဲ့စာသားများကို သေချာထည့်ပေးပါ။သူပေးတာ အကြီးစာလုံးဆိုရင် ကိုယ်က အကြီးစာလုံးရေးထည့်ပါ။သူက အငယ်စာလုံးဆိုရင် အငယ်စာလုံးကို ရေးထည့်ပါဗျ
ပြီးရင် Done ကိုနှိပ်ပေးပါ
#အဆင့်(7)
Mail.ru လျှောက်ခဲ့တဲ့ပထမစာမျက်နှာမှာ Account ကို Auto Signin ဝင်သွားပါလိမ့်မယ်ဗျ
Mail.ru Account တစ်ခု ရပါပြီ။
ကဲ Google နဲ့Mail.ru နှစ်ခုရပြီဆိုတော့ ကြိုက်နှစ်သက်ရာ Account နဲ့ Facebook လျှောက်ပါမယ်။Google ရှိရင် Googleနဲ့လျှောက်ပါ။Google မရှိတဲ့သူတွေက Mail.ru နဲ့ Facebook ကိုေ လျှာက်ပါမယ်။
Facebook လျှောက်မယ်
#အဆင့်(1)
ဖုန်းမှာရှိတဲ့ UC MiNi Browser ကိုသွားပြီးဝင်လိုက်ပါ။
#အဆင့်(2)
facebook icon လေးကို နှိပ်ပေးပါ။Browser တက်သွားစဉ်ခဏစောင့်ပါ။
#အဆင့်(3)
facebook ကို log in ဝင်ရမယ့် စာမျက်နှာကို ရောက်ပါမယ်။အဲဒီ စာမျက်နှာက Create New Account ကိုနှိပ်ပေးပါ။Browser တက်သွားစဉ် ခဏစောင်ပါခင်ဗျ။
#အဆင့်(4)
First Name
နေရာမှာ သင်၏နာမည်အစစာလုံးထည့်ပါ
Last Name
နေရာမှာ သင်၏နာမည်နောက်ဆုံးစာလုံးထည့်ပါ။
Email or Phone
နေရာမှာ စောစောက လုပ်ထားတဲ့ Gmail သို့ Mail.ru Account ကိုထည့်ပါ။
Gender
နေရာမှာ ယောက်ျားလေးဆိုရင် Male၊မိန်းကလေးဆိုရင် Female ကိုရွေးပေးပါ၊၊
Birthday
နေရာမှာ မွေးသက္ကရာဇ်ထည့်ပေးပါ။
New Password
နေရာမှာမိမိထားချင်သော Password ကိုရေးပါ။
ပြီးရင် အောက်ဆုံးက အပြာရောင် Box နဲ့ Sign Upကိုနှိပ်လိုက်ပါ။
Browser တက်သွားစဉ် စောင့်ပါ။
#အဆင့်(5)
Confirm Email ကိုရောက်ပါမယ်။အလယ်နားက အပြာရောင် Box လေးနဲ့ Confirm ကို တစ်ချက်နှိပ်ပေးလိုက်ပါ။Browser တက်သွားစဉ် ခဏစောင့်ပါ။
#အဆင့်(6)
Web စာမျက်နှာ ပေါ်လာရင် ဖုန်းရဲ့ Home Key ကိုနှိပ်ပြီး ထွက်လိုက်ပါ။
#အဆင့်(7)
ခဏနေစဉ် facebookက သင့် Gmail ဖြစ်ဖြစ် ၊Mail.ru ဖြစ်ဖြစ် Mailပို့ပါလိမ့်မယ်ဗျ၊၊
#အဆင့်(8)
သင့်ဖုန်းရဲ့ Gmail ထဲဝင်လိုက်ပါ။
#အဆင့်(9)
Mail.ru နဲ့လုပ်ရင် Mail.ru ထဲဝင်လိုက်ပါ။
#အဆင့်(10)
ကိုယ်လုပ်ထားတဲ့ Gmail Account သစ်ထဲဝင်လိုက်ပါ။အဲဒီမှာ Social ထဲဝင်လိုက်ပါ။
#အဆင့်(11)
Facebook ကပို့ထားတဲ့ Mail နှစ်ခုမှာ အောက်က Mail ကို ဖွင့်လိုက်ပါ။
#အဆင့်(12)
Mailကိုဖွင့်လိုက်နဲ့ facebook က သင့်ရဲ့ Account ကို အတည်ပြုခိုင်းဖို့ Mailပို့ထားတာပါ။
facebook နာမည်
Gmail Account ရဲ့အောက်မှာ
အပြာရောင် Box လေးနဲ့ Confirm your Account ဆိုတာနှိပ်လိုက်ပါ။
Browser ရွေးခိုင်းမှာပါ။UC MiNi Browser ကိုရွေးပေးလိုက်ပါခင်ဗျ၊၊UC MiNi Browser ကို ရွေးပြီးနှိပ်လိုက်တာနဲ့ Browser တက်သွားပြီး Facebook ပွင့်သွားပါလိမ့်မယ်။
Web စာမျက်နှာအောက်နားတွေက Skip နဲ့ကျော်ကျော် သွားလိုက်ပါ။သူငယ်ချင်းရှာခိုင်းတဲ့ အချိန်မှာ Fri တစ်ယောက်ရဲ့ Account ကို ရိုက်ပြီး ရှာပြီး Add လိုက်ပါ။မရှာချင်လဲ ဘာမှ မဖြစ်ပါဘူး။Skipနဲ့ကျော်သွားပြီး နောက်မှ ရှာAddပါ။
facebookက ပေးထားတဲ့ information တွေကို ဖြည့်တာကောင်းပါတယ်။ထည့်ဖြစ်အောင်ထည့်ပါ။Profile Change ပါ။
Okပါ။အဆင်ပြေပါစေ။ကျန်တာ ဆက်ကလိပါ။
လိုအပ်သော Apk များ
Google,Googleမရှိပါက Mail.ru
UC MiJni Browser
facebook account လျှောက်ရန် pdf
pdfဖိုင်အားရယူရန်နှိပ်ပါ
UC MiNi Browser အား down ရန်
Mail RU အား downရန်နှိပ်
Posted via Blogaway