Saturday, December 6, 2014
Apk Editor Pro အသုံးပြုနည်း
Apk Editor Pro အသုံးပြုနည်း
Apk Editor Pro ကိုအသုံးပြုပြီး Apk ​တွေကို မြန်​မာမှု ပြု၊၊Apk ထဲက icon ပုံ​တွေကို စိတ်​ကြိုက်​ပုံစံ​လေး​တွေ​ပြောင်းလို့ရ​အောင်​ ​ရေးသား​ပေးလိုက်​ပါတယ်​၊၊
မြန်​မာမှုပြုရင်​ Apk အားလုံး​တော့ ရမှာမဟုတ်​ပါဘူး၊၊icon ပုံက​တော့ စိတ်​ကြိုက်​ပြန်​Change ရင်​အားလုံးအဆင်​​ပြေမှာပါဗျ၊၊
သိပြီးသားသူများအတွက်​ ​ကျော်​ဖတ်​သွားပါ၊၊မသိ​သေး​သောသူများလုပ်​တတ်​​စေရန်​ ရည်​ရွယ်​ချက်​ပါဗျ၊၊
#အဆင့်​(1)
Apk Editor Proကိုdownload ဆွဲပြီးဝင်​လိုက်​ပါ
#အဆင့်​(2)
ကျွန်​​တော်​ပြုလုပ်​ထားတဲ့ ပုံ​လေး​တွေ ​တွေ့ရမှာပါဗျ၊၊Facebook ကပုံ​တွေကို Change ထားတာပါ၊၊
#အဆင့်​(3)
Frozen Keyboardကို ကိုယ့်​စိတ်​ကြိုက်​ပုံ​လေး​တွေနဲ့​ပြောင်းထားတာပါဗျ၊၊
#အဆင့်​(4)
ကျွန်​​တော့်​ရဲ့ Frozen Zawgyi Keyboard ကိုကြည့်​လိုက်​ပါဗျ၊၊
#အဆင့်​(5)
Apk Editor Pro ထဲသို့ဝင်​လိုက်​ပါ၊၊
#အဆင့်​(6)
Select Apk From Appထဲသို့ ဝင်​​ပေးပါ
#အဆင့်​(7)
ကိုယ်​နှစ်​သက်​ရာ၊ပြုလုပ်​မယ့်​ Apk ကိုရှာပါ၊၊
#အဆင့်​(8)
String T အထဲက Box​တွေမှာ သူ​ပေးထားတဲ့ English စာ​တွေကို အလျင်းသင့်​သလို ဘာသာပြန်​ပြီး မြန်​မာမှုပြုတာပါ၊၊Box​တွေထဲကိုဝင်​ပြီး တစ်​ခုပြီးတစ်​ခု ​ရေးသွားပါ၊၊
#အဆင့်​(9)
Apk ထဲက ပုံ​တွေကို ပြင်​ချင်​ရင်​​တော့ Resource ထဲကို ဝင်​လိုက်​ပါ၊၊
#အဆင့်​(9)
အဲဒီမှာ ဖိုင်​​တွေအများကြီး ​တွေ့ပါလိမ့်​မယ်​ဗျ၊၊drawable ပါတဲ့ဖိုင်​ဆိုရင်​ အဲဒီကိုဝင်​ပြီး​တော့ စိတ်​ကြိုက်​ပုံ​တွေနဲ့ ​ပြောင်းနိုင်​ပါတယ်​ဗျ၊၊
#အဆင့်​(10)
drawable ပါတဲ့ File တစ်​ခုခုထဲသို့ ဝင်​​ပေးပါ၊၊.png ​နေရာ​တွေကို ​ပြောင်းလို့ရမှာပါဗျ၊၊png box​လေးကိုနှိပ်​​ပေးပါ
#အဆင့်​(11)
png box​လေးကို နှိပ်​​ပေးလိုက်​တာနဲ့ ကိုယ်​ထားချင်​တဲ့ပုံက ဘယ်​ဖိုင်​ထဲမှာ ရှိသလဲဆိုတာ ​ရွေးခြယ်​​ပေးပါ၊၊ပြီးရင်​ဝင်​လိုက်​ပါ၊၊
#အဆင့်​(12)
ကိုယ့်​စိတ်​ကြိုက်​ပုံ​တွေရင်​ ပုံ​လေးကို တစ်​ချက်​​ထောက်​လိုက်​တာနဲ့ box မှာ သွား​ပေါ်ပြီး ​ပြောင်းသွားပါလိမ့်​မယ်​၊၊
#အဆင့်​(13)
drawable ရှိသမျှ ဖိုင်​​တွေထဲမှာ ရှိတဲ့ ကိုယ်​Change ချင်​တဲ့ပုံ​တွေကို Change ​ပေးပါဗျ၊၊အားလုံးစိတ်​ကြိုက်​ Change ပြီးရင်​ ​ထောင့်​နားက Save ကို နှိပ်​​ပေးပါဗျ၊၊
#အဆင့်​(14)
Step 2/2 : Sign လို့​ပေါ်လာပြီး ခဏ ​စောင့်​​နေလိုက်​ပါ၊၊မြန်​မာစာ Change ထားရင်​​တော့ 1က စမှာပါ၊၊
#အဆင့်​(15)
အမှန်​ခြစ်​ပြပြီး
Succeed!
Apk saved ဘာညာဆိုရင်​ ကိုယ်​ပြုလုပ်​ထားတာ​လေး ​အောင်​မြင်​ပါပြီဗျ၊၊
Close ကို နှိပ်​ပြီးထွက်​လိုက်​ပါ၊၊
ကိုယ်​ပြုလုပ်​ထားတဲ့ Apk ကို အသုံးပြုဖို့အတွက်​ အရင်​ install လုပ်​ထား​သော Apk ကို ပြန်​လည်​ uninstallလုပ်​ပြီးမှ ဝင်​ရမှာပါဗျ၊၊
ဝင်​ဖို့ရန်​ ကျွန်​​တော်​တို့ ဖုန်းရဲ့ File Manager ထဲ သွားပါ၊၊
Internal ထဲဝင်​လိုက်​ပါ၊၊
အဲဒီမှာ Apk Editor ဆိုတဲ့ ဖိုင်​ထဲ ထပ်​ဝင်​​ပေးပါ၊၊
ဝင်​လိုက်​ရင်​ ​စော​စောက ကျွန်​​တော်​တို့ပြုလုပ်​ထားတဲ့ Apk ကို ​တွေ့ရပါလိမ့်​မယ်​ဗျ၊၊
install လုပ်​​ပေးလိုက်​ပါ၊၊
ဖုန်းမျက်​နှာပြင်​မှာ တစ်​ခါတစ်​​လေ Icon ကမ​ပြောင်းတတ်​ပါဘူးဗျ၊၊
ဖုန်းကို Restart ပြန်​လုပ်​လိုက်​ပါ၊၊icon ကို တစ်​ချက်​ပြန်​ကြည့်​ပါ၊၊​ပြောင်းသွားပါလိမ့်​မယ်​ဗျ၊၊
 Apk Editor Pro down ရန်​ link 
Posted via Blogaway