Saturday, December 6, 2014

Appyet မှ Apk လုပ်​နည်း

Appyetမှ Apk လုပ်နည်း

ကျွန်တော်ဟာ ကျောင်းဆရာတစ်ယောက်ပါ
ဗျ၊၊ဖုန်း အသုံးပြုသူ beginner တစ်ယောက်ပါ၊၊တစ်ခြားBloggerများလို ဆရာကြီးမဟုတ်ပါဘူးဗျ၊၊လေ့လာနေဆဲ၊ပညာသင်ယူနေဆဲ ဖြစ်ပါတယ်ဗျ၊၊

မြန်မာနိုင်ငံမှာ ခု ဖုန်းအသုံးပြုသူအများအပြားရဲ့ လက်ထက်မှာ
All Update Reader / TZ သတင်းစုံ / ဥုံ /Myanmar News / သစ်ထူးလွင်  စသည့် Apk များဟာ Appyet မှ ဆင်းသက်လာခြင်း ဖြစ်ပါတယ်ဗျ။

ကျွန်တော်ပြောချင်တာက ကိုယ့်စိတ်ကြိုက်
Apk ကို ကိုယ်ကိုယ်တိုင် facebook / blog /
wordpress စသည့် ဆိုဒ်များမှ ကောင်းနိုးရာရာ Link များကိုရှာပြီး ပြုလုပ်နိုင်မှာပါဗျ၊၊

နာမည်ရှိတဲ့ တစ်ချို့ Apk တွေဆိုရင် ကြော်ငြာတွေလက်ခံပြီး ဝင်ငွေရှာကြပါတယ်ဗျ၊၊ဒါက ကိုယ်ပြုလုပ်လိုက်တဲ့ Apk တစ်ခုဟာ ဖုန်းအသုံးပြုတွေအကြိုက် ပြုလုပ်နိုင်တယ်ဆိုရင် နာမည်ကြီးတော့တာပါပဲဗျ။

သူငယ်ချင်းတို့က Apk ကို နာမည်ကြီးအောင်ပဲလုပ်လုပ်၊ကိုယ်ကိုယ်တိုင်စိတ်ကြိုက်ဖန်တီးပြီးပဲကြည့်ကြည့်၊သူငယ်ချင်းတို့ကို Apk ပြုလုပ်တတ်အောင် လုပ်ကြည့်စေချင်ပါတယ်ဗျ၊၊

ဒီနည်းလမ်းက ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဟန်၊ကိုယ်ပိုင်စတိုင် အတိုင်းပြောထားခြင်း ဖြစ်ပါတယ်ဗျ၊၊ကိုယ့်စိတ်ကြိုက် ပြုလုပ်နိုင်တယ်ဆိုတာ သူငယ်ချင်းတို့ Apk တွေကို လုပ်စမ်းရင်း၊လုပ်စမ်းရင်းနဲ့ သိလာပါလိမ့်မယ်နော်၊၊

ကဲ၊၊စကြမယ်ဗျာ

Apk များပြုလုပ်ရန်အတွက် Gmail account
တစ်ခု ရှိရပါမယ်ဗျ၊၊Gmailမဟုတ်တဲ့ Yandex Mailတွေကိုလဲ လက်ခံပါတယ်ဗျ၊၊

ခု ပထမဦးဆုံး ကိုယ်ကြိုက်တဲ့ Browser ကနေ
http://www.appyet.com/signup
လို့ရိုက်လိုက်ပါဗျ၊၊
အောက်ကLinkအတိုင်းသွားပြီးလည်း Sign inလို့ပေါ်လာရင် ဘေးနားမှာ ရှိတဲ့ Sign Up Today ကို နှိပ်ပြီးတော့လည်း Sign Upလုပ်နိုင်ပါတယ်ဗျ၊၊                            
http://www.appyet.com/SignIn.aspx

Sign Up လုပ်ရင် ပုံမှာ ပြထားတဲ့အတိုင်းပြုလုပ်သွားပါဗျ၊၊အစစအရာရာ ဖြည့်ပြီးသွားရင် အောက်နားက Sign Upကို နှိပ်ပေးလိုက်ပါ။

ပြီးရင် Demoနေရာမှာ Blank လို့ပြင်ဖို့ မမေ့ပါနဲ့နော်၊၊

ပုံမှာ ပြထားတဲ့အတိုင်းပဲ ဆက်လုပ်သွားပါဗျ၊၊

ကိုယ်လုပ်မယ့် Apk ရဲ့ icon(ပုံ)ကို Apkမလုပ်ခင်ကတည်းက စိတ်ကြိုက် ဖန်တီးထားစေချင်ပါတယ်ဗျ၊၊ဒါမှ icon changeနေရာမှာ ထည့်လို့ အဆင်ပြေမှာပါဗျ၊၊

ပြီးရင်လည်း အောက်နားက Select မှာ
Everyoneကိုရွေးလိုက်ပါနော်၊ပြီးမှ အောက်က Save Change ကို နှိပ်ပါဗျ၊၊

ပုံမှာပြထားတဲ့အတိုင်းဆက်လုပ်သွားပါဗျ၊၊

ပြီးရင် General ရဲ့ဘေးက Modules ကို နှိပ်ပေးးလိုက်ပါဗျ၊၊ဇယားနဲ့ အောက်က ထည့်ရမယ့် Feed ထည့်နိုင်တဲ့ ဆိုဒ်များကို ရေးပြထားပါတယ်၊၊

ကိုယ်ကြိုက်တဲ့ဆိုဒ်ကနေ စပြီးထည့်နိုင်ပါတယ်ဗျ၊၊
ပုံမှာ Feed Facebook အတွက်ပြထားပါတယ်၊၊
ကျွန်တော်က Feed (Facebook / Blogger / Wordpress)သုံးခုအတွက်ပြပါမယ်ဗျ၊၊

Facebook အတွက်ကတော့ ပုံမှာ ပြထားပါတယ်ဗျ၊၊တစ်ခုသတိထားရမှာက
Facebookအတွက် Bar မှာ Link ရေးမရဘဲ
ID Number ကိုသာ ထည့်ပေးရမှာ ဖြစ်ပါတယ်ဗျ၊၊

http://findmyfacebookid.com

Facebook Page တွေရဲ့  ID Number ကို
အပေါ်က Link မှာ ရိုက်ပြီးရှာနိုင်ပါတယ်ဗျ၊၊

Facebook ID Number ရှာနည်းကို ကျွန်တော်ရဲ့ Page ဖော်ပြထားပြီးဖြစ်သလိုအောက်က Link မှာလဲ သွားရောက်ကြည့်ရှုလို့ ရပါတယ်ဗျ၊၊

@[UzpfSTY1NDY4MjEyNzkwMTEzOTo2NTU1MjQ0MTExNTAyNDQ=:http://www.facebook.com/yemintunsalin/posts/655524411150244]

Blog ဆိုဒ်အတွက် လုပ်ချင်တာ ဆိုရင်
Feed Blogကိုနှိပ်လိုက်ပါ၊၊
နာမည်တွေ ထည့်ပါ
အုပ်စုနာမည် ထည့်ပါ၊၊
သြော် အုပ်စုနာဆိုလို့ ပြောရပါဦးမယ်၊၊အုပ်စုနာမည်မှာ ဥပမာဗျာ

နာမည်က ဝင်းကမ္ဘာကျော်
အုပ်စုနာမည်ကျတော့  နည်းပညာပေါ့
နောက်တစ်ခု ထပ်ထည့်မယ်
နာမည်က ကိုပေါက်
အုပ်စုနာမည်က  နည်းပညာပေါ့
နည်းပညာ ဆိုရင် နည်းပညာ အုပ်စု ချည်းပဲ
ထည့်သွားပါ၊၊

ကွန်ပျူတာ ၊လက်ပ်တော့ ဆိုရင်တော့မသိပါဘူး၊၊ကျွန်တော်က ဖုန်းနဲ့လုပ်တာဆိုတော့ အုပ်စုနာမည်
တွေထဲမှာ ပါတဲ့ နာမည်တွေကို တစ်ခုပြီးတစ်ခု ရေးရမှာပါဗျ၊၊ဒါ လုပ်ရင်းနဲ့ သိလာပါလိမ့်မယ်နော်
ကြိုးစားပြီး လုပ်ကြည့်ပါ၊၊

ကဲ ID Number ကို ထည့်ရင်လည်း copy ယူထည့်ထည့်၊စာအုပ်ထဲ မှတ်ထည့်ထည်၊၊့
ဒါပေမယ့် စာအုပ်ထဲမှတ်ထည့်တာ ပိုပြီးတော့ ကောင်းပါတယ်ဗျ၊၊
ဘာဖြစ်လို့လဲဆိုတော့ နောက်တစ်ခါ Apk လုပ်ရင် ID Number ကို ရှာစရာ မလိုဘဲ
အဆင်သင့် ထည့်နိုင်ပါလိမ့်မယ်ဗျ၊၊OKပါ။

ကဲ Blog ဆိုဒ်အတွက် ပြန်ပြီးသွားပါ့မယ်၊၊
Blog ဆိုဒ်အတွက်ဆိုရင်
သူပေးထားတဲ့ Bar မှာ
လိပ်စာအပြည့်အစုံ ဥပမာ
http://www.salineducationnews.blogspot.com
ရိုက်ထည့်ပေးရမှာပါဗျ၊၊ပြီးရင် Save ပါဗျ၊၊

Wordpressအတွက်ဆိုရင် သူပေးထားတဲ့ Bar မှာ Blogလိုပဲ
လိပ်စာအပြည့်အစုံ ဥပမာ
http://www.salinyemintun.wordpress.com
ရိုက်ထည့်ပေးရမှာပါဗျ၊၊ပြီးရင် Save ပါဗျ။

ကိုယ်ထည့်လိုက်တဲ့ Modulesတွေကို ဇယားမှာ တန်းစီပြီးရှိနေပါလိမ့်မယ်နော်
အကုန် ထည့်ပြီးသွားပြီဆိုရင် Settingထဲကိုဝင်ပါဗျ၊၊
ပုံမှာ ပြထားတဲ့အတိုင်း လုပ်သွားပါ၊၊
Save Change ကိုနှိပ်ပါ၊၊

ပုံမှာ ပြထားတဲ့အတိုင်း ပြုလုပ်သွားလိုက်ပါဗျ

အကုန်ပြီးသွားပြီဆိုရင် ဖုန်းရဲ့ Home Key ကို နှိပ်ပြီး Gmailထဲဝင်၊၊ Sync လုပ်လိုက်ပါ၊၊Appyet က ပို့ လိုက်တဲ့ Gmail နှစ်စောင်မှာ နာရီကိုကြည့်လိုက်ပါ၊၊
ကိုယ် Apk လုပ်ပြီးတဲ့အချိန်နဲ့ Gmail ပို့တဲ့အချိန် နည်းနည်းကွာတဲ့ Mailကိုဖွင့်ပြီး
ဘေးမှာ သူပေးထားတဲ့ Install ကို နှိပ်ပေးပါ၊၊
ခဏစောင့်ပါ၊၊

••••••••••••••••••••••••••••••••••••••

ပြီးရင် Apk ကို install လုပ်ဖို့ပေါ်လာပါလိမ့်မယ်၊၊
ဒါဆိုရင် ကျွန်တော်တို့ လုပ်လိုက်တဲ့ Apk တစ်ခု ၊ ကိုယ့်စိတ်ကြိုက်ဖန်တီးပြီး ရရှိလာခဲ့ပါပြီဗျ၊၊

Apkထဲဝင် ၊၊သတင်းတွေ Update ယူ၊၊Ok

အောင်မြင်သွားပါပြီ၊၊

ကဲ နည်းပညာဝါသနာပါသော၊Comment Boxမှမေးကြသော၊Chat Boxမှ မေးကြသော သူငယ်ချင်းများ စိတ်ကျေနပ်လိမ့်မယ်လို့ ထင်ပါတယ်ဗျ၊၊

သူငယ်ချင်းများခင်ဗျား

ကိုယ် သိစေချင်သလို သူများတွေကို သိစေချင်တာလည်း ကျွန်တော်ရဲ့ ဆန္ဒပါဗျ၊၊ဒီနည်းလေးကို share လုပ်ပေးပါဗျ၊၊အားလုံးလုပ်တတ်တော့ အဆင်ပြေတာပေါ့ဗျာ။
ဘယ်သတင်း Apkမှ မလိုတော့ပါဘူး၊၊
ဟုတ်ပါတယ်နော်၊၊

ဘယ်အရာမဆို ကိုယ်ကိုယ်တိုင်လုပ်မှ ကိုယ်ကိုယ်တိုင်တတ်မြောက်မှာပါ၊၊ကဲ အားလုံးသောသူငယ်ချင်းများ
ခုကစပြီး  စိတ်ကြိုက်ဖန်တီး Apkကို လုပ်​ကြပါစို့

http://www.facebook.com/yemintunsalin

ရဲမင်းထွန်း ( စလင်းသား )